ချောက်မြို့နယ်၌ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ​ဒေသခံပြည်သူများ လက်ဝယ်အ​ရောက် နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေ

ချောက်   ဩဂုတ်   ၂၇

မကွေးတိုင်းဒေသကြီး၊​ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များအား ရပ်ကွက်ကျေးရွာအုပ်စုများရှိ အိမ်​ခြေ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ‌ပေးလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့မှုနှုန်း လျော့ချကာကွယ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နှာခေါင်းစည်း အခုရေ(၂၂၂၅၀၀)ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ တဆင့် ရပ်ကွက်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးသွားရန် ပေးပို့ခြင်း ဖြစ်သည်။

ချောက်မြို့နယ်၌ ရပ်ကွက်စုစု​ပေါင်း ၁၅ ရပ်ကွက်၊​ကျေးရွာအုပ်စု(၅၁)စု၊ကျေးရွာပေါင်း ၂၂၆ ရွာရှိသည် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှုနှုန်း အနည်းငယ်လျော့နည်းလာပြီ ဖြစ်သော်လည်း ထပ်မံကူးစက်မှုများရှိနေဆဲ ဖြစ်သည့်အတွက်ရောဂါကူးစက်မှုမရှိ‌စေရန် ဩဂုတ်လ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများသို့သွားရောက်၍ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်းMaskများအား​ ချောက်မြို့နယ်အတွင်း​ကျေးရွာ​ပေါင်း၁၁၀ရွာ၊ အိမ်​ခြေ(၁၅၈၆၆)၊ နှာခေါင်းစည်း Mask အ​ခု​ရေ(၇၅၅၁၁)ခုကို သြဂုတ်၂၅ရက်၊၂၆ရက်​နေ့တို့က လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ‌ပေးသွားပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့်ရပ်ကွက်၊ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများကို ဆက်လက်ဖြန့်​ဝေ​ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီထံမှ သိရသည်။

ကျော်မိုး