ပုသိမ် သြဂုတ် ၂၇
ပြည်သူများ ကိုဗစ်.၁၉ ရောဂါ ဖြစ်ပွားမှုလျော့ကျစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပုသိမ်မြို့ပေါ်ရှိ မြို့ဝင်တိုးဂိတ်အနီး ရုပ်ထုကြီးအဝိုင်း ၊ရွှေ၀တ်မှုန် ၄ လမ်းထိပ်၊ ဘိုးဘွားရိပ်သာဒေါင့်! ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့နှင့် ပုသိမ်မြို့ နာရီစဥ်ဘေး၊ ဘူတာစျေးအရှေ့၊ စျေးလေး မီးပွိုင့်အရှေ့စသည့် နေရာ (၆)နေရာတို့တွင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဗီနိုင်းများ မြေစိုက်ပိုစတာများကို ယနေ့နံနက်ပိုင်းက စိုက်ထူထားရှိခဲ့ပါသည်။ အဆိုပါ မြေစိုက်ပိုစတာများ စိုက်ထူထားရာနေရာများသို့ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦး လင်းကိုကိုနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက သွားရောက်လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ မြေစိုက်ပိုစတာများ စိုက်ထူရခြင်းနှင့်စပ်လျဥ်း၍ နိုင်ငံတော်မှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးမှ ကင်းဝေးစေရန်နှင့် ကူးစက်မှုနှုန်းလျှော့ချနိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးချက်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာ စာမျက်နှာများ ၊ လူမှုမီဒီယာများတွင်လည်းကောင်း အသိပေးနိူးဆော်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် ယခု တတိယလှိုင်းအတွင်း နေ့စဥ်မပြတ် တစ်နေ့ လေးကြိမ် မော်တော်ယာဥ်ဖြင့် အသိပေး နိူးဆော်လျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် မြို့နယ်အဆင့် ကိုဗစ်ကော်မတီ အနေဖြင့် လည်း မြို့ပေါ်ရပ်ကွက်နှင့်နီးစပ်သည့် ကျေးရွာများအထိပါ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နိူးဆော်လျက်ရှိပါကြောင်း ၊ ယခုကဲ့သို့ မြေစိုက်ပိုစတာများ စိုက်ထူထားခြင်းဖြင့်လည်း ပြင်ပသို့ မဖြစ်မနေသွားလာနေကြသည့် ပြည်သူများအနေဖြင့် ဆောင်ရန်/ရှောင်ရန်များကို သိရှိလိုက်နာ သွားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို လျော့ချနိုင်ရန်ဖြစ်ကြောင်း သိရှိရသည်။
,
မြင့်ဟန်