ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

 

ဟိုပုံး  ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမနှင့် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်၊ ဆရာဝန်များက အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ ပရဟိတ၊ ဘိုးဘွားရိပ်သာ၊ နိုင်ငံဝန် ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစု၊  ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်း၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်း၊  အကျဉ်းသား/ အချုပ်သား၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း၊ ဈေးသည်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့မှ သြဂုတ် ၄ ရက်နေ့ထိ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် မိဘပြည်သူ ၃၇၀၂ ဦးတို့အား ဒုတိယအကြိမ်ထိုးနှံခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ       ၁ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။