ပွင့်ဖြူမြို့နယ်၌ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှု ပါးစပ်နှာခေါင်းစည်း(Mask)များ ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေး

ပွင့်ဖြူ      ဩဂုတ်     ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ မကျီးစုကျေးရွာနှင့် ဆည်တော်ကျေးရွာသို့  သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့် (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှု လူထုအသိပညာပေးခြင်းနှင့် (Mask)များ အခမဲ့ ဖြန့်ဝေပေးရာတွင် ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပြီး Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှု လူထု အသိပညာပေးခြင်းလုပ်ငန်းနှင့် စပ်လျဉ်းပြီး ပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် ရောဂါကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်ရေးအတွက် ကျန်းမာရေးကိစ္စများမှအပ အပြင်သွားလာခြင်းများ မပြုလုပ်ကြရန် ၊ မဖြစ်မနေ အပြင်သွားလာရပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့မှ ဩဂုတ် ၂၆ ရက်နေ့အထိ ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာ ၇၀၇ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၂၄ ဦး ၊ ဆေးဝါးကုသမှုခံယူနေဆဲ ပိုးတွေ့အတည်ပြုလူနာ ၄၅ ဦး  ၊ သေဆုံးသူ (၃၆) ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ  သိရသည်။

  ရဲဝင်းနိုင်