သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများ အရှိန်အဟုန်မပျက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ ပေါင်းစပ်၍ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်လွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မြေပဲမျိုး(၂)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ပညာပေးကွင်းသရုပ် ပြပွဲကျင်းပ
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ရုံးဝန်းအတွင်းတွင် စိုက်ပျိုးထားသော မြေပဲ (၂) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်ခန့်က စိုက်ပျိုး ရေးဦးစီးဌာနရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားစိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသို့ လက်ရွေးစင်ဆောင်းပါးများ စာအုပ်များလှူဒါန်း
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောက်ရှိခရိုင်(၄)ခရိုင် အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များတွင်အသုံးပြုရန်အတွက် အမျိုးသားစိတ်ဓာတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသို့ လက်ရွေးစင်ဆောင်ပါးစာအုပ်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်၁၀နာရီတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာအလင်းခေတ်မီ စာကြည့်တိုက် ၌ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေအမှတ် ၁၄၆၈ စင်တီမီတာ အထိရောက်ရှိနေပြီးစိုးရိမ်ရေအမှတ်ရောက်ရှိရန် ၂၃၂ စင်တီမီတာသာလို
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်သည် ရေအမှတ် ၁၄၆၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၂၃၂ စင်တီမီတာသာလိုတော့ကြောင်း မြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှရုံးမှ သိရသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား/သူ၊ အချုပ်သား/သူ(၂၄၁၇)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟို အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားသော အကျဉ်သား/သူ၊ အချုပ်သား/သူ (၂၄၁၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်ဗဟို အကျဉ်းထောင်တွင် ထိုးနှံပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်ထွက် ခရမ်းချဉ်သီးများ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူ ဈေးကွက်သို့စတင်ရောင်းချနေ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး   ကျောက်ပန်းတောင်းမြို့နယ်တွင် မြေအောက်ရေသွင်း စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးများ စတင်ဆွတ်ခူးရောင်းချနေကြပြီဖြစ်ရာ ခရမ်းချဉ်သီး တစ်ပိသာ ၃၅၀ကျပ် ရောင်းချနေရကြောင်း ခရမ်းချဉ်စိုက်တောင်သူ ဦးတင်ထွန်းအောင်ထံက  သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Aug 27,2021
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ
Aug 27,2021
ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှသည် ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်အနီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။