တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နှာခေါင်းစည်း(Msak) များတတိယနေ့ ဆက် လက်ဖြန့်ဝေ

 

တောင်တွင်းကြီး  ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ဦးခေါင်မှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး  Mask Campaign ရက်သတ္တပက်လှုပ်ရှားမှု အနေဖြင့် တာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာဝန်ထမ်းများသည် တတိယနေ့အဖြစ် ယနေ့ နံနက်ပိုင်းက တာဝန်ကျရာ တိုက်နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် မြို့မ၊ ကုက္ကိုခွ၊ ကံဘေးကြီး၊ ကုက္ကိုကုန်း၊ ဆတ်သွား တိုက်နယ်တို့ ရှိပြီး ကျေးရွာအုပ်စု(၇၂)အုပ်စု၊ ကျေးရွာစုစု ပေါင်း(၂၈၆)ရွာ၊ အိမ်ခြေ(၅၁၅၁၀)အိမ်၊ လူဦး ရေစုစု ပေါင်း(၂၇၇၅၀၀)ဦးတို့အား အခြေခံလူ တန်းစားအိမ်ထောင်စုများ၊ အလယ်လတ်တန်းစားအိမ် ထောင်စုများ၊ ချမ်းသာသည့် အိမ်ထောင်စုများ(၃)မျိုးခွဲခြားကာ ဩဂုတ်လ (၃၁) ရက်အထိ Mask အရေအတွက်(၂၇၇၅၀၀)ခုအားMask Campaignများအပြီးဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

ဦးနိုင်ဝင်း