မိုးညို သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အနီးကပ်ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များအား စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်တွင် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန်များ ရောင်းချပေးရာတွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည်လျှင် ဒေသပေါက်စျေး(၁၅၀၀)ကျပ် ဖြစ်သော်လည်း မြို့နယ်ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ဆန်တစ်ပြည်လျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ဆန်အိတ်(၄၀)အိတ်ကို ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်သည်။
ထိုသို့ လိုက်လံရောင်းချရာတွင် မြို့နယ်ကိုဗစ် ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဒိနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်