ညောင်လေးပင် ဩဂုတ် ၂၇
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်နိုင်ရန် အသိပညာပေးမြေစိုက်ပိုစတာအား ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည် သူ့ဆေးရုံရှေ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ တို့၌ စိုက်ထူခဲ့ကြောင်းသိရသည်။
အဆိုပါ မြေစိုက်ပိုစတာတွင် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များဖြစ်သော အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(mask) ၊ Face Shield တို့ကို စနစ်တကျတပ်ဆင်ရန် ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ရန်၊ လက်ကို စက္ကန့်၂၀ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း(Quarantine)လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါ ဝင်ပေးရန်၊ ကိုယ်ပူခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက်အနံ့အရသာပျောက် ဆုံးခြင်း လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနတွင် စောစီးစွာကုသမှုခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများဖတ် ရှုလေ့လာပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက် နာလာစေရန်အတွက် စိုက်ထူပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုမြေစိုက်ပိုစတာစိုက်ထူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် ဦးဇော်မင်းယု၊ ဒုမြို့နယ်အုပ် ချုပ်ရေးမှူးဦးစန်းယုံး၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထိုက်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်း မှ ဒုရဲအုပ်အောင်လှကျော် တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။