စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖြစ် ရေပြင်ရှာဖွေ ကယ်ဆယ်ရေးဇတ်တိုက်လေ့ကျင့်

မြင်းမူ ဩဂုတ် ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း  သဘာဝဘေးအန္တရာယ် တစ်စုံ တစ်ရာကျရောက်လာပါက   ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ     ပျက်စီးဆုံးရှုံးမှုများ ကိုလျှင်မြန်စွာ တုံ့ပြန်ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၏ ရေပြင်ရှာဖွေကယ်ဆယ်ရေး    စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခြင်းကို      ယနေ့က ဧရာဝတီမြစ် အတွင်း ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

 

အချိန်ရာသီမရွေး ကျရောက်တတ်သည့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များကို အချိန်တို အတွင်း ရှာဖွေကယ်ဆယ်တုံ့ပြန်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့အနေဖြင့်   ခေတ်မီ ကယ်ဆယ်ရေးသုံးစက်ပစ္စည်းများဖြင့်   မပြတ်လေ့ကျင့်လျှက်ရှိကြောင်း၊ ယခုအချိန်သည် မိုးတွင်း ကာလဖြစ်သည်နှင့်အညီ ရေကြီး၊    ရေလျှံခြင်းနှင့်အတူ     မြေပြိုခြင်းများ ဖြစ်ပွား တတ်သောကြောင့်ရေဘေးအန္တရာယ်ကျရောက်မှုကို ကယ်ဆယ်တုံ့ပြန်နိုင်ရေးအတွက်   ကယ်ဆယ်ရေးအသုံးပြုပစ္စည်းများနှင့်အတူ ဖိုင်ဘာလှေကိုအသုံးပြုကာ    ဧရာဝတီမြစ် အတွင်း လက်တွေ့လေ့ကျင့်မှုပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှုး ဦးချမ်းငြိမ်းအောင် ထံမှသိရှိရသည်။

 

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့်  အခြားမိတ်ဖက်ဌာနဖြစ်သည့်   မြို့နယ်ပြန်/ဆက် ဦးစီး ဌာနပူးပေါင်းကာ မြို့နယ်အတွင်းဖြစ်ပေါ်လာနိုင်သည့်    သဘာဝဘေးဖြစ်စဉ်များများကို ပြည်သူများထံသို့ အချိန်မီအသိပေးနိုးဆော်ခြင်းအပြင်      သဘာဝဘေးအန္တရာယ်များဖြစ်ပွား

လာပါက လျှင်မြန်စွာရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက

ရှာဖွေကယ်ဆယ်ရေးသုံးခေတ်မီပစ္စည်းများဖြင့် မပြတ်လေ့ကျင့်လျှက်ရှိကြောင်းသိရသည်။

 

အောင်စိုးဖေ(မြင်းမူ)