ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ် ထိုးနှံပေး

ကျိုက်ထို  ဩဂုတ် ၂၇

မွန်ပြည်နယ်၊ သထုံခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ယမန်နေ့ရက် မွန်းလွဲပိုင်းတွင် စတင်ထိုးနှံပေးပြီး ယနေ့နံနက် (၉)နာရီတွင်လည်း ဆေးထိုးစုရပ်အသီးသီး၌ ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
     ကျိုက်ထိုမြို့နယ်တွင်ဇူလိုင်လ(၂၉)ရက်နေ့က တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်‌ဆေး (Sinopharn ) ( ၄၅၅၅)လုံးကို   အသက်(၆၅)နှစ်အထက် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များနှင့် အတူနေမိသားစုများ၊ အကျဉ်းသား/အချုပ်သားများ၊ ဈေးသူဈေးသားများ၊ စက်ရုံအလုပ်ရုံ၀န်ထမ်းများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ အဝေးပြေးယာဉ်မောင်း ယာဉ်နောက်လိုက်များ စသည်တို့အား ဦးစားပေး အစီအစဉ်အလိုက် စုရပ် (၄)ရပ်ခွဲ၍ ထိုးနှံပေးခဲ့ရာ  သြဂုတ်လ ၈ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ စုစုပေါင်း (၉၁၁၀)ဦးရှိခဲ့ပြီး ယခု ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။