သတင်းများ

ကျောက်တံခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများသောနေရာများအား ရွေ့လျားယာဉ်ဖြင့် လှည့်လည်စစ်ဆေး
Aug 29,2021
ပဲခူးတိုင်းဒေသကြီးအတွင်း အထူးကုသရန် သတ်မှတ်ခြင်းခံရသည် ကျောက်တံခါးမြို့နယ် အတွင်းရှိ အများနှင့်ထိတွေ့ဆက်ဆံရသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အချုပ်သားများနှင့် ဘဏ်များ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှုများပြားသော လမ်း၊ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်ကာ ကိုဗစ်-၁၉ရောဂါ  ဖြစ်ပွားသူနှင့် သံသလူနာများကို ဖော်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန်အတွက် ရောဂါရှာဖွေစစ်ဆေးခြင်းကို ရွှေ့လျားယာဉ်ဖြင့် ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းတို့တွင်   လှည့်လည် စစ်ဆေးကြကြောင်း သိရသည်။
တကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်လူနာသစ်(၉)ဦး ထပ်တိုးပြီး (၁၅)ဦးဆေးရုံမှ ဆင်းခွင့်ရ
Aug 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်းသို့ ‌ဖျားခြင်း၊ နှာစေးခြင်း၊ အနံ့ပျောက်ခြင်းတို့ဖြင့် လာရောက်ပြသသည့် ပြင်ပလူနာ(၁၁)ဦးအား တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်၏ ကြီးကြပ်မှုဖြင့် ဓာတ်ခွဲကျွမ်းကျင်(၄) ဒေါ်ဆုလဲ့မွန်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ Covid-19 Antigen test kit ဖြင့် စစ်ဆေးပေးရာ တကူကျေးရွာအုပ်စု-သံတိုက်ရွာမှ (၈)ဦးနှင့် ပြည်အေးရွာမှ (၁)ဦး ပေါင်း(၉)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိရသဖြင့် ဇီဝိတဒါနသံဃာ့ဆေးရုံနှင့် အလက(ခွဲ) သံတိုက်ကျောင်း Positive Centre တို့အတွင်း ကျန်းမာရေး စောင့်ကြပ်၍ စနစ်တကျ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရသည်။   
ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သူ(၈၈)ဦး ဆေးရုံဆင်းခွင့်ရရှိ
Aug 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ပင်ဖြစ်တိုက်နယ် ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၈၈)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ဩဂုတ်လ ၂၇ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပရဟိတလူငယ်များမှ ကျေးရွာနှင့်ရပ်ကွက်များရှိ အိမ်ထောင်စု(၂၂၀၀)ကျော်အတွက် တတိယအကြိမ်မြောက် မီးဖိုချောင်သုံးဆန်နှင့်စားရိက္ခာများလှူဒါန်း
Aug 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စိတ်တူကိုယ်တူ ပရဟိတလူငယ်များ စုပေါင်း၍ အလှူခံရရှိသည့်ငွေများဖြင့် ကျေးရွာနှင့်ရပ်ကွက်များရှိ အိမ်ထောင်စု(၂၂၀၀)ကျော်အတွက်၊ တတိယ အကြိမ်မြောက် မီးဖိုချောင်သုံးဆန်နှင့်စားရိက္ခာများလှူဒါန်းခြင်းကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက၊ တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး M0BILE စနစ် ဖြင့်ကွင်းဆင်း၍RDT Test kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေး
Aug 29,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်(၁၉)ရောဂါထိန်းချုပ် ကာကွယ ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉နာရီက ချင်တောင်ကျေးရွာ အခြေခံပညာအလယ်းကျောင်း၌ ကိုဗစ်(၁၉)ရောဂါ သံသယရှိသူများအား M0BILE စနစ် RDT Test kit ဖြင့် ကိုဗစ် (၁၉) ရောဂါကို အခမဲ့စစ်ဆေးဆောင်ရွက်ပေးကြောင်းသိရသည်။
ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းပြုလုပ်
Aug 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရန်ကျန်ရှိသော ကျေးရွာများဖြစ်သည့် ရန်ကုတ်ကျေးရွာအုပ်စု ​နောင်နိုင်းကျေးရွာနှင့် နန်းရွှေမိတ်ကျေးရွာတို့မှ အသက် (၁၆)နှစ်နှင့် (၁၈) နှစ်အကြား နှင့် အသက်(၁၈)နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို ယနေ့နံနက် ၉နာရီခွဲအချိန်က အမက (ရန်ကုတ်) ကျောင်း၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်လုပ်သား(၁၄၃၂၀)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး
Aug 29,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)​မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဦးစားပေး စတင်ထိုးနှံပေးပြီး ဆေးထိုးရန် ကျန်ရှိသူ များကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက် ၉ နာရီက လှည်းကူး(အ-ထ-က)နှင့် မြို့မစျေး(ခန်းမ) တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။