ကျောက်တံခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများသောနေရာများအား ရွေ့လျားယာဉ်ဖြင့် လှည့်လည်စစ်ဆေး

ကျောက်တံခါး   သြဂုတ်   ၂၉

ပဲခူးတိုင်းဒေသကြီးအတွင်း အထူးကုသရန် သတ်မှတ်ခြင်းခံရသည် ကျောက်တံခါးမြို့နယ်အတွင်းရှိ အများနှင့်ထိတွေ့ဆက်ဆံရသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အချုပ်သားများနှင့် ဘဏ်များ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှုများပြားသော လမ်း၊ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်ကာ ကိုဗစ်-၁၉ရောဂါ  ဖြစ်ပွားသူနှင့် သံသလူနာများကို ဖော်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန်အတွက် ရောဂါရှာဖွေစစ်ဆေးခြင်းကို ရွှေ့လျားယာဉ်ဖြင့် ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းတို့တွင်   လှည့်လည် စစ်ဆေးကြကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်တံခါးမြို့ရှိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့များပြားသော ဖဒိုမြို့နှင့် သမင်အင်းကုန်းကျေးရွာများသို့ သွားရောက်ပြီး လှည့်လည်စစ်ဆေးခဲ့ကြရာ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစည်သူစန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များက လိုက်ပါကူညီဆောင်ရွက်ပေးကြသည်။

 ယမန်နေ့နှင့် ယနေ့တွင် ဘဖဒိုမြို့နှင့် သမင်အင်းကုန်းကျေးရွာတို့တွင် စုစုပေါင်း (၆၈၆)ဦးအားစစ်ဆေးရာ (၉၂)ဦး ပိုးတွေ့ရှိခဲ့ကြောင်းနှင့် ပိုးတွေ့လူနာများအား ဆေးရုံသို့ ပို့ဆောင်ကုသပေးခြင်း၊ ထိတွေ့ဆက်ဆံသူများကို ကွာရင်တင်းစင်တာများသို့ ပို့ဆောင် စေခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

စန်းစန်း