ငပုတောမြို့နယ်တွင် ပြည်သူများထံသို့ ဆန်များဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေ
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက် မှုဖြစ်ပွားနေစဉ်ကာလတွင်း အခြေခံစားသောက် ကုန်တစ်မျိုးဖြစ်သည့် ဆန်များအား ဈေးနှုန်းချိုသာ စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာနနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူတစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်းဖြင့် ကမ်းနားလမ်းရှိ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ယနေ့ နံနက်မှစ၍ တစ်ပတ်ကြာသည်အထိ ပြည်သူများထံသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။