တကူကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအဓိကနည်းလမ်းများအား နှိုးဆော်ကြေညာ
Aug 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် တကူကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများသို့ ကျေးရွာနေ မိဘပြည်သူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို သိရှိလိုက်နာ နေထိုင်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ကော်မတီဝင်များက အဖွဲ့(၂)ဖွဲ့ခွဲ၍ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား လှည့်လည်ကာ အသိပေးနှိုးဆော်ကြောညာပေးလျက်ရှိကြောင်း သိရှိရသည်။