သတင်းများ

သရက်မြို့ရှိ ရပ်ကွက်/ ကျေးရွာများတွင် Mobile Test Kit Motor Vehicle စစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး
Aug 29,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ သြဂုတ် ၂၇ ရက်နေ့မှစတင်ကာ ရပ်ကွက်/ ကျေးရွာများအရောက် Mobile Test  Kit Motor  Vehicle စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ  စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Aug 29,2021
ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိခြင်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်း များကို အရှိန်ဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ လူအသွားအလာများသည့် နေရာများဖြစ်သည့် တာမွေဗလီလမ်းဆုံ၊ တာမွေ(ယာယီ) စျေးရှေ့၊ ကျောက်မြောင်းလမ်းဆုံ၊ ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်း လမ်းဆုံနေရာ၊ မအူကုန်းလမ်းမကြီးတစ်လျှောက်၊ ဗညားဒလ လမ်းမကြီးတစ်လျှောက်၊ ကျားကွက် သစ်လမ်းမကြီးနှင့် သမိန်ဗရမ်းလမ်းမကြီးတစ်လျှောက် အစရှိသည့် နေရာများတွင် အသံချံ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မုန်းပြင်ကျေးရွာ အုပ်စု၊ မုန်းပြင်ကျေးရွာသို့  မြို့ဦးစီးမှူး ဦးထင်ကျော်ဦးနှင့်အဖွဲ့ သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ  ရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားပြီဖြစ်
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရ သည့် ကြီးအုံကြီးဝတမံ သည် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာမှ ယမန်နေ့ နံနက်ပိုင်းက တမံရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားပြီဖြစ်ကြောင်း အဆိုပါ ကြီးအုံ ကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။ 
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် လယ်ဝေးမြို့နယ် ဘုရားကြီး ကျောင်းတိုက် တွင် သီတင်းသုံးလျက်ရှိသော ရဟန်း ၊ သာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်ဘုရား​​ကြီး​ကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိသော ရဟန်း၊ သာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန်နှင့်ကြက်ဥ များ ရောင်းချပေးလျက်ရှိ
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရုံးကြီးရပ်ကွက် ၊ရဲဖြတ်လမ်းရှိ မြို့နယ် ဆန်စက် လုပ်ငန်းရှင်များ အသင်းရုံးတွင် ကိုဗစ်-၁၉ ရောဂါ တတိယလိုင်း ကာလအတွင်း မြို့ပေါ်ရှိ အခြေခံ လူတန်းစား ပြည်သူများ စျေးနူန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်နှင့် ကြက်ဥများကို ယနေ့ နံနက် ၉ နာရီ မှ စတင်ကာ ရောင်းချ ပေးလျှက်ရှိပါသည်။
ကုန်းကြမ်းမြို့နယ်၌ ကိုဗစ်(၁၉) ကာကွယ်ရေးပစ္စည်းများနှင့် ဆန်များထောက်ပံ့
Aug 29,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကုန်းကြမ်းမြို့နယ် ရပ်ကွက်၊ကျေးရွာများရှိဒေသခံများအား ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများနှင့် ဆန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရှိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ ကျေးရွာလုံးကျွတ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများ သွားရောက်ကြည့်ရှု
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆေးရုံသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ရောက်ရှိပြီး စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့မိမြို့ဖများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer များနှင့်တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။