ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သူ(၈၈)ဦး ဆေးရုံဆင်းခွင့်ရရှိ

ရပ်စောက် ဩဂုတ် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ပင်ဖြစ်တိုက်နယ် ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၈၈)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ဩဂုတ်လ ၂၇ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ အတည် ပြုလူနာ စုစုပေါင်း (၁၀၃၂)ဦး၊ ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၈၀၈)ဦး၊ သေဆုံးလူ နာစုစုပေါင်း(၁၆)ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိသူစုစုပေါင်း (၂၀၈)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။

ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ် ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့ဝင်/မြို့ထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်များ၊ မြို့တွင်းလမ်းဆုံများတွင် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်ဟုန်မပျက်ဆောင်ရွက် လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်မှု များကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး