သတင်းများ

ဂွမြို့နယ်တွင် ကိုဗစ်ပိုးတွေ့သံသယလူနာ(၁၂)ဦးနှင့် ဆေးရုံဆင်းလူနာ(၁၂)ဦးရှိကြောင်းသိရ
Aug 29,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သံသယလူနာ (၁၅)ဦး ကိုစစ်ဆေးခဲ့ရာ သံသယလူနာ(၁၂) ဦး၌ ကိုဗစ်- ၁၉ ရောဂါပိုး  တွေ့ရှိရကြောင်းသိရသည် ။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာမှ အမျိုးသားတစ်ဦး နွားကျောင်းနေစဉ် ကျားကိုက် ခံရမှုဖြစ်ပွား
Aug 29,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာနေ အမျိုးသားတစ်ဦး ယနေ့မွန်းလွဲ ၁ နာရီခွဲက နွားကျောင်းနေစဉ် ကျားကိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 29,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများမှ ပြည်သူများအား သက္ကယ်ပြင်ကျေးရွာ အမှတ်(၁၀) အခြေခံပညာအထက် တန်းကျောင်းနှင့် သက္ကယ်ပြင် IDPs  စခန်းများ၌ အသက်(၄၅)နှစ်နှင့်အထက် အသက်ကြီးပြည်သူများအား Sinovac ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက စတင်ပြီး ထိုးနှံပေးလျက်ရှိသည်။
မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေး
Aug 29,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းလုပ်ငန်းကို သြဂုတ်၂၈ရက် ၉နာရီ အချိန်မှ စတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ’’ ဆောင်ပုဒ်များ ဖြန့်ဝေ
Aug 29,2021
ဘုတလင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား တစ်ဦးချင်းကိုယ်စီ လက်ဝယ်ကိုင်ဆောင် ရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမည်ဖြစ်သဖြင့် ဘုတလင်မြို့အဝင်တွင် ဘုတလင်မြို့နယ်အတွင်း နေထိုင်ကြသော ခရီးသွားလာပြည်သူများ သိရှိနိုင်စေရန်အတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်စတစ်ကာ စာရွက်များကို ခရီးသွားပြည်သူများ၏ မော်တော်ယာဉ်များပေါ်နှင့် လမ်းဘေးဝဲယာစျေးဆိုင်ခန်းများတွင် စတစ်ကာစာရွက်များကပ်၍ အသိပေးဆောင်ရွက်ခဲ့ကြသည်။
ကျောက်မဲခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နောင်ချိုမြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းများသို့ အလှူငွေပေးအပ်
Aug 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊  နောင်ချိုမြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့်ပရဟိတအသင်းများ သို့  ကျောက်မဲခရိုင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက အလှူငွေများ ပေးအပ်ခဲ့ကြောင်း  သိရသည်။
ကဝမြို့၌ ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချ
Aug 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  မြို့နယ် ကိုဗစ်- ၁၉ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီက Stay at Home ကာလအတွင်း  ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက်   ဆန်လှည့်လည် ရောင်းချခြင်းကို   ယမန်နေ့ညနေက ကဝမြို့  အမှတ်-၄ မင်းပိုင်းရပ်ကွက်နှင့်  အမှတ်-၅ ရုံးကြီးရပ်ကွက် (၂)နေရာတို့၌  မနောသုခဆန် (၈)လုံးကိုက် တစ်ပြည်လျှင် တစ်ထောင်ကျပ် နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ရန်ကုန်မြို့နယ်အတွင်း မြို့နယ်တစ်ချို့မှ ရပ်ကွက်များမီးပျက်မည်
Aug 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းများကို ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအချိန်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။