ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းပြုလုပ်

ကော့ကရိတ်  သြဂုတ်  ၂၉

 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရန်ကျန်ရှိသော ကျေးရွာများဖြစ်သည့် ရန်ကုတ်ကျေးရွာအုပ်စု ​နောင်နိုင်းကျေးရွာနှင့် နန်းရွှေမိတ်ကျေးရွာတို့မှ အသက် (၁၆)နှစ်နှင့် (၁၈) နှစ်အကြား နှင့် အသက်(၁၈)နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို ယနေ့နံနက် ၉နာရီခွဲအချိန်က အမက (ရန်ကုတ်) ကျောင်း၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်က ကြီးကြပ်၍ ဝန်ထမ်းများက အဆိုပါကျေးရွာများရှိ ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား () ဦး၊ မ ( )၊ အသက် (၁၈ ) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၆)ဦး၊ မ (၄)ဦးတို့အား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)