ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်လုပ်သား(၁၄၃၂၀)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး

ဒဂုံတောင် ဩဂုတ် ၂၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)​မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဦးစား ပေး စတင်ထိုးနှံပေးပြီး ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ဦးစာပေးအုပ်စုအလိုက် ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ စက်မှုဇုန်များမှ စက်ရုံအလုပ်သမားများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ သြဂုတ်လ(၁၃)ရက်​နေ့မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး sinovac အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်တင်ဆွေ ဦးစီးအဖွဲ့မှ စက်မှု ဇုန်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ဆောင်ရွက်ထားသော နေရာများ၌ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထိုးနှံ​ပေးခဲ့ရာ ယနေ့သြဂုတ် (၂၈)ရက်နေ့အထိ မြို့နယ်အတွင်းရှိ စက်ရုံများအနက် စက်ရုံ (၃၉၄) ရုံမှ စက်ရုံလုပ်သား (၁၄၃၂၀)ဦး ထိုးနှံပေးပြီးကြောင်းနှင့် ​ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)