သတင်းများ

သရက်ချောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ပန်းခင်းစီမံချက်ဖြင့် သရက်ချောင်းတပ်နယ်အမှတ် (၄၀၄) ခြေမြန်တပ်ရင်း၌ အခြေပြု၍ ခမရ(၄၀၃)၊(၄၀၄)၊ (၄၀၅)တပ်ရင်းများအတွင်းရှိ  တပ်ဖွဲ့ဝင်များနှင့်မိသားစုများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေ စာရင်းများကိုကွင်းဆင်း၍  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူများအနက် ကျန်းမာရေးကောင်းမွန်လာသူ ကိုရင်တစ်ပါးအပါအဝင် (၁၁)ဦး နေအိမ်ပြန်ခွင့်ရရှိ
Aug 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ စစ်ကွင်းတိုက်နယ်ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန် ထမ်းအိမ်ယာသစ်၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန်လာသူ ကိုရင်တစ်ပါး အပါအဝင် (၁၁)ဦးကို နေအိမ်ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ် အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပေးနှိုးဆော်
Aug 29,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုနှုန်း မြင့်တက် လာနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တုတ်ပြန်ထားသည့်အတိုင်း မင်းဘူး(စကု)မြို့နယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်းမှ ပြည်သူများ Stay at Home သတ်မှတ်ထားသည့်ကာလတွင် စည်းကမ်းချက်များအတိုင်း နေထိုင်သွားလာနေထိုင်ရန် မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားရှိကျေးရွာများသို့ အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များ သိရှိစေရန် ကွင်းဆင်းအသိပညာပေးနှိုးဆော်
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ သိရှိစေရန် ရည်ရွယ်၍  ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး နှိုးဆော်ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ မြန်အောင်မြို့ မမြဆည်ရေလှောင်တမံအား ကြည့်ရှုစစ်ဆေး ၊ မြန်အောင်နှင့် ကြံခင်းပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်း များလှူဒါန်း၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုအားကွင်းဆင်းကြည့်ရှု
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်း/ခရိုင်/မြို့နယ် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လည်ပိုင်းက မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင် ကျေးရွာအုပ်စုရှိ မမြဆည်ရေလှောင်တမံသို့‌ ရောက်ရှိပြီး ဆည်ရေဝင်‌ရောက်မှု အခြေအနေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီးပေးဝေ နိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးရာ မမြဆည်တာဝန်ခံ ဦးထင်လင်းမောင် က ရှင်းလင်းတင်ပြသည်။
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိ၊ (၁၁)ဦး ပြန်လည် ကျန်းမာလာ
Aug 29,2021
ဟားခါးမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်ရောဂါဖြင့် ဆေးကုသမှု ခံယူနေသူများအနက် (၁၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံ‌တွေ့ရှိခဲ့ပြီး၊ ‌ဆေးရုံဆင်းခွင့်ရရှိသူ ၁၆ ဦးရှိကြောင်းသိရ
Aug 29,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျန်းမာရေးမကောင်းသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ပြသသူများအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ယမန်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံ‌တွေ့ရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၆ ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
လက်ပံတန်းမြို့နယ်၌ ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိ
Aug 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း သိသာစွာ လျော့နည်းသွားခြင်း မရှိသေးသည့် အထူးမြို့နယ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်ထားသော မြို့နယ်တစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြို့နယ်အတွင်းရှိ  ကူးစက်မှုနှုန်းများပြားနေသော လမ်း၊ ရပ်ကွက် ကျေးရွာများကို ရွေးချယ်သတ်မှတ်ပြီး ရောဂါကူးစက်မှုနှုန်း အမှန်တကယ် လျော့နည်းစေရန် အထူးအစီအစဉ်အဖြစ် ကျန်းမာရေးစစ်ဆေးမှုများကို ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ မြို့နယ် အတွင်း ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိသည်။