Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လားရှိုးမြို့နယ်၌ Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါရှိ/မရှိ Rapid Test ဖြင့် စစ်ဆေးဆောင်ရွက်
Aug 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၌ Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ပိုးတွေ့မှုများပြားသည့် ဘုန်းတော်ကြီးကျောင်းများအား Rapid Test စစ်ဆေးမှုများကို ယမန်နေ့နံနက်(၁၀)နာရီတွင် ကန်မိန်းကျောင်းတိုက်၊ မြို့မကျောင်းတိုက်၊ ပန်အုပ်ကျောင်းတိုက်နှင့် တာပုံကျောင်းတိုက်တို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နှာခေါင်းစည်း(Mask)နှင့် စားသောက်ကုန်ပစ္စည်းများ လာရောက်လှူဒါန်း
Aug 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ နှာခေါင်းစည်း(Mask)နှင့် စားသောက်ကုန်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပိတ်ဆို့နေမှုအား ဝိုင်းဝန်းရှင်းလင်း
Aug 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်များပြိုကာ သစ်ပင်များလဲကျမှုကြောင့် လမ်းများပိတ်ဆို့နေမှုအား ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်က ဌာနဆိုင်ရာများ၊ ဒေသခံများက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ( ၁၆ )ဦး ထပ်မံတွေ့ရှိ
Aug 28,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှူကြပ်ပြီး ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ ယမန်နေ့ညနေ ၃ နာရီက RDT ဖြင့် လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 28,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ လူစည်းကားရာနေရာများတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် Stay at Home စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ
Aug 28,2021
ပျော်ဘွယ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်းအဖွဲ့များမှ Stay at Home ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်မှုမရှိသူများအား စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းပြည့်အောင် ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နံနက်(၈)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၃၀ ရက်နေ့မှစ၍ သတ်မှတ်ထားသော စုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်
Aug 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဩဂုတ် ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် (ပထမအကြိမ်) စတင်ထိုးနှံပေးခဲ့ပြီး
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ကော့သောင်းမြို့တွင် Stay at Home မြို့အဖြစ် အသိပေးနှိုးဆော်ကြေညာ
Aug 28,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ထိရောက်စွာလျှော့ချနိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီမှစ၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအပြင် ကျေးလက်တောရွာများအထိ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24347
Page
24348
Page
24349
Page
24350
Current page
24351
Page
24352
Page
24353
Page
24354
Page
24355
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department