ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး M0BILE စနစ် ဖြင့်ကွင်းဆင်း၍RDT Test kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေး

ဆိပ်ဖြူ    ဩဂုတ်   ၂၉

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်(၁၉)ရောဂါထိန်းချုပ် ကာကွယ ်နိုင်ရေးအတွက်  ယမန်နေ့ နံနက် ၉နာရီက ချင်တောင်ကျေးရွာ အခြေခံပညာအလယ်းကျောင်း၌ ကိုဗစ်(၁၉)ရောဂါ သံသယရှိသူများအား M0BILE စနစ် RDT Test kit ဖြင့် ကိုဗစ် (၁၉) ရောဂါကို အခမဲ့စစ်ဆေးဆောင်ရွက်ပေးကြောင်းသိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်အတွင်းရှိ ကိုဗစ်(၁၉)ရောဂါကူးဆက်မှုလျော့ကျစေရန်နှင့် ရောဂါလက္ခဏာ သံသရရှိပြည်သူများ စနစ်တကျစစ်ဆေးမှုခံယူနိုင်ရန်၊ စနစ်တကျ ကုသမှုခံယူပြီးကိုဗစ်(၁၉)ရောဂါ အမြန်ကင်းစင်ရေအတွက် မြို့နယ်ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်အေး အတွင်းရေးမှူး ဦးအေးပိုင်ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်နှင့် ကျန်းမာရေးဝန်ထမ်းများက RDT Test kitဖြင့် ကိုဗစ်(၁၉)ရောဂါ သံသယရှိသူများနှင့် အရေးပေါ်ဆေးကုသမှုခံယူမည့် လူနာစုစုပေါင်း (၁၇)ဦး လာရောက် စစ်ဆေးခံခဲ့ရာ ကိုဗစ် (၁၉) ရောဂါပိုးရှိသူ (၄)ဦးတွေ့ရှိကြောင်းသိရှိရပြီး  အဆိုပါ ပိုးတွေ့လူနာ များအား မြို့နယ်ပြည်သူ့ဆေးရုံသို့ဆေးဝါးကုသမှုခံယူရန်  ချင်တောင်ကျေးရွာ အာယုဒါန လူမှုကူရေးအဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး  ကိုဗစ်(၁၉)ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေး M0BILE ကွင်းဆင်းကုသရေးလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများ  ၊မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ချင်တောင်ကျေးရွာ အာယုဒါန လူမှုကူရေးအဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေး ကြောင်းသိရှိရသည်။

ကိုဇွဲ    ( အညာမြေ)