သတင်းများ

မိုင်းယုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြားပြုလုပ်ခြင်းနှင့် Call Center ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးလျက်ရှိ
Aug 29,2021
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အသက် (၁၆)နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိူမျိုး ကိုင်ဆောင်နိုင်ရေး အတွက်ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဩဂုတ် ၂၉ ရက်နေ့က ဒုတိယအကြိမ်အဖြစ် အမှတ်(၁၀၀၈) နယ်ခြားစောင့် တပ်နှင့်တာကြန့်ကျေးရွာအုပ်စု တို့သို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်(ပထမနေ့) စတင် ထိုးနှံပေး
Aug 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချရန်၊ရောဂါ ကူးစက်ပြန့်ပွားမှုကိုတားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်းတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယ အကြိမ်(ပထမနေ့) စတင်ထိုးနှံပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်းနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုအား 
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုများကို ယမန်ရက်နေ့က ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများအတွက် စားသောက်ကုန်များထောက်ပံ့
Aug 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် လက်ပံဂွကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် နေထိုင်ကြသော ကျေးလက်နေပြည်သူများ ကိုဗစ်- ၁၉ တတိယလှိုင်း ကာလ မိသားစုဝင်ငွေလျော့နည်းနေချိန်၌ အထောက်အကူဖြစ်စေရန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေး ပြေလည်စေရန်ရည်ရွယ်၍ သာစည် ကျေးရွာအတွင်းရှိ အိမ်ထောင်စု စုစုပေါင်း(၁၇၀)အား အလှူရှင်မှ အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့  နံနက်ပိုင်းက  အဆိုပါကျေးရွာ၌ အိမ်တိုင်ရာရောက် လိုက်လံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ် စတင်ထိုးနှံ
Aug 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကို အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အသင်းအဖွဲ့များအား ယနေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ စတင်၍ထိုးနှံပေးသည်။
ဂွမြို့ မြို့မဈေးကြီး၌ ဈေးရောင်း၊ ဈေးဝယ်လာသူများအား Maskတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်Mask Campaign ပြုလုပ်ဆောင်ရွက်
Aug 29,2021
ရခိုင်ပြည်နယ်၊   သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်မှုရှိ/မရှိစစ်ဆေးခြင်း၊Mask Campaignပြုလုပ်ဆောင်ရွက်ခြင်းနှင့်  ဈေးရောင်း၊ဈေးဝယ်လာသူများအား လက်သန့်ဆေးရည်ဖျန်းပေးခြင်းများကို  ယနေ့နံနက်(၇)နာရီက မြို့မဈေးကြီး၌  ပြုလုပ်ခဲ့ကြောင်း  သိရသည်။
ပွင့်ဖြူမြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 
လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 29,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ဘုန်းတော်ကြီးကျောင်းများတွင် ကိုဗစ်(၁၉)ရောဂါ ကာလအတွင်း သီတင်သုံးနေကြသော ရဟန်း သံဃာတော်များဆွမ်း အခက်အခဲ မဖြစ်စေရေးအတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်ရက် မွန်းလွဲပိုင်းက လားရှိုး ဗုဒ္ဓကောလိပ်၊ ရှမ်းပြည် ဗုဒ္ဓတက္ကသိုလ်(ခွဲ)၊တာပုံကျောင်းသို့သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်းသိရသည်။