ဂွ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်မှုရှိ/မရှိစစ်ဆေးခြင်း၊Mask Campaignပြုလုပ်ဆောင်ရွက်ခြင်းနှင့် ဈေးရောင်း၊ဈေးဝယ်လာသူများအား လက်သန့်ဆေးရည်ဖျန်းပေးခြင်းများကို ယနေ့နံနက်(၇)နာရီက မြို့မဈေးကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်ဦးဆောင်မှုဖြင့် မြို့နယ်ဌာဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်း ရေးအဖွဲ့သည် မြို့နယ်အတွင်း ၌ ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့ကျစေရေးအတွက် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ လမ်းသွား/လမ်းလာသူများ၊ အငှားယာဉ်မောင်းနှင်သူများကို အပြင်ထွက်လျှင်ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွား လာကြရန် Mask Campaign ပြုလုပ်ခြင်းနှင့်လက်သန့်ဆေးရည်များ ဖျန်းပေးခြင်း၊ မြို့မဈေးကြီးအတွင်းရှိ ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတန်းနှင့်သားငါးတန်းများတွင် ဈေးရောင်းချနေသူများနှင့် ဈေးဝယ်လာသူများအနေဖြင့် (Mask) တပ်ဆင်ရောင်းချသွားမှုရှိ/မရှိ အခြေအနေများအား အဆိုပါပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီးMask အခုရေ(၅၀၀)အားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်