သတင်းများ

နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် ကျေးရွာများအရောက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်
Aug 29,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျေးရွာများအရောက် Mask  Campaign   ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ်  နှာခေါင်းစည်း (Mask) အခုရေ (၂၄၂၀၀၀) ခုကို ယမန်နေ့က ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများလက်ဝယ် အရောက် အခမဲ့ဖြန့်ဝေပေးကြောင်း  သိရသည်။ 
တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာများသို့ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိကွင်း ဆင်းစစ်ဆေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်း ချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များ နှင့်ပူးပေါင်းကာ တရုတ်ကောအုပ်စု၊ သဖန်းကုန်းကျေးရွာသို့သွားရောက်ပြီး ဒေသခံကျေးလက်နေ ပြည်သူများကို အခမဲ့ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေး
Aug 29,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီ အချိန်မှ စတင်၍ မြို့နယ်(၂) လမ်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ဒုတိယအကြိမ် စတင်ထိုးနှံ ပေးလျက်ရှိ
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ​ချောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၊ ရေနံလုပ်သားများ အပန်းဖြေရိပ်သာ(၂) တို့တွင် ယနေ့နံနက်(၇)နာရီမှ (၉)နာရီခွဲအချိန်ထိ၊ ည​နေ(၅)နာရီမှ(၆)နာရီခွဲအချိန်ထိ ဒုတိယအကြိမ် ​ကာကွယ်ဆေး(Sinopharm)ကို ​စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် မိုးစပါးအထွက်နှုန်းကောင်းမွန်စေရေး ဓာတ်မြေဩဇာကြဲပက်ပွဲပြုလုပ်
Aug 29,2021
တောင်သူများစိုက်ခင်းအတွင်း ဓာတ်မြေဩဇာကို အချိန်ကိုက်၊အချိုးညီထည့်သွင်း ကြဲပက်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် စံချိန်စံညွှန်းနှင့်အညီ စပါးအထွက်နှုန်းကောင်းမွန် စေရေးတို့အတွက် ဓာတ်မြေဩဇာထည့်သွင်းကြဲပက်ပွဲကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် မယ်ဇလီကျေးရွာအုပ်စု၊ တောင်သူကြီး ဦးဘိုတင်၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 29,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင်လ ၂၉ ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နံနက် ၉နာရီက ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆေးထိုးစုရပ် (၅)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။