သရက်မြို့၌ Mobile Test Kit Motor Vehicle စစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ သြဂုတ် ၂၇ ရက်နေ့မှစတင်ကာ ရပ်ကွက်/ ကျေးရွာများအရောက် Mobile Test Kit Motor Vehicle စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်အား ကစားကွင်းရှိ ယာယီပျံကျဈေးရှိ ဈေးသည်များနှင့် ပြည်တော်အေးရပ်ကွက်ရှိ ဓမ္မာရုံ၊ အနောက်ရပ် တောင်ပိုင်းရှိ ဓမ္မာရုံတို့တွင် ရပ်ကွက်အတွင်းမှ ပြည်သူများအား ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ အခမဲ့ စစ်ဆေးပေးခဲ့သည်။