တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ် စတင်ထိုးနှံ

တန့်ယန်း သြဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကို အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အသင်းအဖွဲ့များအား ယနေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ စတင်၍ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာရီရီထွေးတို့ကကြီးကြပ်၍မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများကထိုးနှံပေးကြရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် လာရောက်ထိုးနှံသူများအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး