တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုများအတွက် စားသောက်ကုန်များထောက်ပံ့

တွံတေး    သြဂုတ်      ၂၉       

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် လက်ပံဂွကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် နေထိုင်ကြသော ကျေးလက်နေပြည်သူများ ကိုဗစ်- ၁၉ တတိယလှိုင်း ကာလ မိသားစုဝင်ငွေလျော့နည်းနေချိန်၌ အထောက်အကူဖြစ်စေရန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေး ပြေလည်စေရန်ရည်ရွယ်၍ သာစည် ကျေးရွာအတွင်းရှိ အိမ်ထောင်စု စုစုပေါင်း(၁၇၀)အား အလှူရှင်မှ အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့  နံနက်ပိုင်းက  အဆိုပါကျေးရွာ၌ အိမ်တိုင်ရာရောက် လိုက်လံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 တွံတေးမြို့နယ်၊ စက်ဆန်းကျေးရွာမှ အလှူရှင်ဦးတင်ကိုလတ်+ဒေါ်ခင်ဝင်းရွှေ မိသားစုမှ လက်ဂွကျေးရွာအုပ်စု၊ သာစည်ကျေးရွာအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၇၀)အား အခြေခံစားသောက်ကုန်(၂)မျိုးအား လှူဒါန်းရာတွင် အိမ်ထောင်စု တစ်စုလျှင်ဆန်(၃)ပြည်၊ ၊ ကြက်သွန်နီ (၁)ပိသာ စုစုပေါင်းတန်ဖိုးငွေကျပ်(၆၀၀၀၀၀)ကျော်ဖိုးအား ကျေးရွာအတွင်းရှိ အိမ်ထောင်စုများသို့ အိမ်တိုင်းရာရောက် လိုက်လံလှူဒါန်းပေးခဲ့သည့်အပြင် နှာခေါင်းစည်း Mask များကိုလည်း ထပ်မံလှူဒါန်းပေးခဲ့ကြောင်း  သိရသည်။

 ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ စနစ်တကျ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ကျေးရွာအတွင်း ပထမ၊ ဒုတိယ၊ တတိယ ကိုဗစ်-၁၉ လှိုင်းတွေမှာ ကျေးရွာအတွင်း ပြည်သူတွေ ကိုဗစ်-၁၉ရောဂါ ပြန်ပွားမှုမရှိစေရေးနှင့် mask တပ်သည့် အလေ့အကျင့်ဖြစ်စေဖို့ mask တွေ လှူဒါန်းပေးပြီး ကျေးလက်နေပြည်သူတွေ စားဝတ်နေရေး ပြေလည်စေရန် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခြင်း တစ်ပတ်တစ်ခါ သီးစုံဟင်း၊ တို့စရာ၅မျိုးနဲ့ ငပိရည်ကျိုပြီးသားတွေကို လှူဒါန်းပေးလျက်ရှိကြောင်း ရွာသား တစ်ဦးထံမှ သိရသည်။

မြို့နယ် ပြန် /ဆက်