သတင်းများ

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ
Aug 29,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်(၃) နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 29,2021
 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်  မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ရည်ရွယ်ကာ မြို့အဝင်ဆိုင်းဘုတ်နှင့် လမ်းဘေးဝဲယာအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့  နံနက်(၇)နာရီခွဲအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် ကျေးရွာအရောက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးတို့အတွက် ကျေးရွာအရောက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်လ ၂၅ ရက်မှစတင်၍ ကွင်းဆင်းဆောင်ရွက်ကြရာ ယခုအခါရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့်ပရဟိတအဖွဲ့အစည်းများနှင့်Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် စတုတ္ထအကြိမ်သင်တန်းဖွင့်လှစ်
Aug 29,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာ များတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် စတုတ္ထအကြိမ်သင်တန်းကို ယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် အသိပညာပေး လှည့်လည်နှိုးဆော်
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးဒုတိယအကြိမ်ထိုးနှံရန်အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အသံချဲ့စက်ဖြင့် ဇလွန်မြို့နယ်အတွင်းဆောင်ရွက်ခဲ့ကြသည်။
မိုးမိတ်မြို့နယ်၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်းကိုင်ဆောင်လက် မှတ်တစ်မျိုးမျိုးရရှိစေရေး ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူ
Aug 29,2021
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေး ပိုစတာစိုက်ထူ သည့်အခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင် ကြီးကြပ်၍ မိုးမိတ်မြို့ နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့်ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင် သာယာအဝိုင်းထိပ်တွင် ပိုစတာဆိုင်းဘုတ်ကို စိုက်ထူခဲ့ ကြောင်းသိရသည်။
အမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်
Aug 29,2021
ရခိုင်ပြည်နယ်၊ ​​ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် အသိပညာပေး နိုးဆော်ကြေညာခြင်းကို ယနေ့နံနက် (၈:၀၀)နာရီအချိန်က​ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။