လားရှိုး ဩဂုတ် ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ဘုန်းတော်ကြီးကျောင်းများတွင် ကိုဗစ်(၁၉)ရောဂါ ကာလအတွင်း သီတင်သုံးနေကြသော ရဟန်း သံဃာတော်များ ဆွမ်းအခက်အခဲ မဖြစ်စေရေးအတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ရက် မွန်းလွဲပိုင်းက လားရှိုး ဗုဒ္ဓကောလိပ်၊ ရှမ်းပြည် ဗုဒ္ဓတက္ကသိုလ်(ခွဲ)၊တာပုံကျောင်းသို့ သွားရောက် ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့က သီတင်းသုံးနေကြသော ရဟန်းသံဃာတောများအား ဆန်(၃)အိတ်၊ဆီ(၁)ဖာ၊ကြက်ဥ(၅)ကတ်၊အာလူး(၁)အိတ်၊ကြက်သွန်နီ(၁)အိတ်၊ ဝတ္တုငွေ နှင့် ဟင်းသီးဟင်းရွက်များကို ဆက်ကပ်လှူဒါန်းရာ ကျောင်းထိုင်ဆရာတော်ကြီးက ငါးပါးသီလ တရားတော် ဟောကြားခဲ့သည်။ ထို့နောက် လားရှိုးခရိုင်ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် Pilot Project အစီအစဉ်ဖြင့် Rapid testနှင့် အဆိုပါကျောင်းရှိ ရဟန်း၊ ကိုရင်များအား ကိုဗစ်-၁၉ ပိုးစစ်ဆေးရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဥမ္မာချို