ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် အသိပညာပေး လှည့်လည်နှိုးဆော်

ဇလွန်    သြဂုတ်   ၂၉

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးဒုတိယအကြိမ်ထိုးနှံရန်အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အသံချဲ့စက်ဖြင့် ဇလွန်မြို့နယ်အတွင်းဆောင်ရွက်ခဲ့ကြသည်။

 လှည့်လည် နှိုးဆော်ကြေညာရာတွင် ၁.၈.၂၀၂၁ ရက်နေ့တွင်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော ရဟန်းသံဃာတော် ၊ သီလရှင်များ ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ (၃၀.၇..၂၀၂၁)ရက်နေ့နှင့် (၃၁.၇..၂၀၂၁)ရက်နေ့တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံခဲ့ပြီးဒုတိယအကြိမ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် ယနေ့ရက်နေ့တွင် အ.ထ.က(၁) ဇလွန်သို့ နံနက် ၉ နာရီအချိန်မှစတင်၍ ညနေ ၃ နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဒုတိယအကြိမ်လာရောက်ထိုးနှံကြပါရန် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့​ကြ​သည်။

ဝေယံ