ကလေးမြို့၌ မြစ်သာမြစ်(ပြင်သာ)ရေ အနည်းငယ်တက်သော်လည်း စိုးရိမ်ရေအမှတ်အောက်တွင်ရှိ

 

ကလေး  ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ၊ ကလေးမြို့တွင် မိုးများရွာသွန်းနေပြီး  လွန်ခဲ့သော ၂၄ နာရီ အတွင်း မြစ်သာမြစ်ရေ(ပြင်သာ)သည် +၁၀ စင်တီမီတာ တက်ခဲ့ကြောင်း ကလေးမြို့မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

မြစ်သောမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်သည် (၁၁၀၀) စင်တီမီတာဖြစ်ပြီး ယနေ့ နံနက်တိုင်းတာ ချက်အရ (၄၈၂) စင်တီမီတာတွင် တည်ရှိနေသောကြောင့် စိုးရိမ်ရေအမှတ်အောက် (၆၁၈) စင်တီမီတာတွင် တည်ရှိနေကြောင်းသိရသည်။

မောင်ကျော်