သတင်းများ

မလှိုင်မြို့နယ်၌ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု (၈ဝ) ရာနှုန်းပြီးစီး
Aug 29,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိ၊ မြို့ဖများ ဦးဆောင်၍ အများပြည်သူသုံး အောက်ဆီဂျင်စက်ရုံကို ဩဂုတ် ၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ (၈ဝ ) ရာနှုန်းပြီးစီးနေပြီဖြစ်ကြောင်း စက်ရုံဖြစ်မြောက်ရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကိုစန်းထံမှသိရသည်။
ထီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း စစ်ဆေး
Aug 29,2021
ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေး အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ထီးလင်းမြို့နယ်၊ သရခါကျေးရွာသို့သွားရောက်ပြီး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ဒေသခံ ပြည်သူများအား အခမဲ့ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ် ၊ ဝါးနက်ချောင်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေး
Aug 29,2021
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းနှင့် ကြက်ခြေနီအသင်းအဖွဲ့တို့မှ ယနေ့ နံနက်ပိုင်းက ဝါးနက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ စစ်ဆေးခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေး
Aug 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ မြို့တိုက်နယ်ဆေးရုံနှင့် သတ်မှတ်စုရပ်များ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(SINOPHARM) ဒုတိယအကြိမ်ထိုးနှံပေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး(SINOPHARM) ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီကစတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အထက(၁)ရတနာခန်းမတို့၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မုဒုံမြို့၌ အရေးပေါ်ကယ်ဆယ်ရေး အသင်းများမှ အောက်ဆီဂျင် အခမဲ့ဖြည့်သွင်းပေး
Aug 29,2021
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် အခြားအရေးပေါ်လူနာများ အောက်ဆီဂျင်ပြတ်လပ်မှု အခက်အခဲမရှိရေး အဆင်ပြေစွာ ဆေးကုသခံယူနိုင်ရန်အတွက် မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များမှ အောက်ဆီဂျင်အရည်များ အခမဲ့ ဖြည့်သွင်းပေး လျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် ကျေးရွာများအရောက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်
Aug 29,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျေးရွာများအရောက် Mask  Campaign   ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ်  နှာခေါင်းစည်း (Mask) အခုရေ (၂၄၂၀၀၀) ခုကို ယမန်နေ့က ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများလက်ဝယ် အရောက် အခမဲ့ဖြန့်ဝေပေးကြောင်း  သိရသည်။