သတင်းများ

ကျိုက်လတ်မြို့တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်ဒုတိယအကြိမ်ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အထက -၁ ၊ အထက -၃၊ ရုံးဒေါင့်ကျေးရွာစုရပ်(၃)နေရာခွဲ၍ ဒုတိယအကြိမ်အဖြစ်အသက်(၆၅)နှစ်အထက် အဘိုးအဖွားများအား ကိုဗစ်ကာကွယ်‌ဆေးများ ထိုးနှံပေး လျက်ရှိရာ ယနေ့ နံနက် ၉နာရီအချိန်မှစ၍ စုရပ်နေရာများတွင်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ငရုတ်ကောင်းမြို့(အထက)၌ ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်၍ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထိုးနှံပေးခြင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကျုံပျော်မြို့ ဒါးက ချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်းမျိုး စိုက်ထည့်
Aug 29,2021
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ်မြေးဆက် ငါးရိက္ခာ ဖူလုံစွာ စားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်းမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒါးကချောင်း၊ ခဲဘောင်ကူးတို့ ဆိပ်‌ရေပြင်၌ ကျင်းပ ပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် မှ သီတဂူ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)သို့ အလှူငွေကျပ် သိန်း(၂၀) လှူဒါန်း
Aug 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှ သီတဂူ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) သို့လှူဒါန်းသော အလှူငွေကျပ် သိန်း(၂၀)အား ဩဂုတ်(၂၉)ရက်နေ့ နံနက်(၁၀)နာရီ ခွဲ အချိန်ကသီတဂူ ဗုဒ္ဓတက္ကသိုလ် ဓမ္မာရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက် နှင့်အညီ လှူဒါန်းကြောင်း သိရသည်။
ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်း မျိုးစိုက်ထည့်
Aug 29,2021
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ်မြေးဆက် ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်း မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒါးကချောင်း၊ ခဲဘောင်ကူး တို့ဆိပ်‌ရေပြင်၌ ကျင်းပပြုလုပ်သည်။
ပြင်ဦးလွင်မြိုရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု ( ၉၅ ) ရာခိုင်နှုန်းပြီးစီး
Aug 29,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး( ၅ )၊ ပြည်သူ့ဆေးရုံကြီးအနီးရှိ ပြင်ဦးလွင်(အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ဦးဆောင်ကာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် မရှိမဖြစ် လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံကို စေတနာရှင်ပြည်သူများ၏ စုပေါင်းအလှူငွေများဖြင့် ဩဂုတ် (၁) ရက်နေ့၊ နံနက်ပိုင်းမှ စတင်တည်ဆောက်ခဲ့ကြောင်း သိရသည် ။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ငရုတ်ကောင်းမြို့ (အထက)၌ ယနေ့နံနက် ၁၁နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထိုးနှံပေးခြင်း ဆောင်ရွက်ပေးခဲ့ ကြသည်။
ပေါက်ခေါင်းမြို့နယ်တွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး အများဆုံးတွေ့ရှိသည့် ကျေးရွာ(၂ )ရွာအားအသွား အလာကန့်သတ်ထားရှိပြီး ဆန်နှင့် ဆီများထောက်ပံ့ပေးအပ်
Aug 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ်တွင်းရှိ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်သည့် တောင်လည်အုပ်စု ၊ပျားထိုးကျွန်းကျေးရွာနှင့် ငါးခူအိုင်အုပ်စု ၊ အောင်မြင်ကုန်း ကျေးရွာရှိ ပြည်သူများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ Lockdown ကာလ (၁၄) ရက်သတ်မှတ်ထားကြောင်း နာရေးကိစ္စမှအပ နေအိမ်ပြင်ပသို့ မထွက်ခွာရန်နှင့် အသွားအလာ ကန့်သတ်ထားရှိသည့်ကာလအတွင်း အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစီအစဉ်ဖြင့် ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်မှ တစ်ရွာလျင် ဆန်(၅)အိတ်နှင့် ဆီ( ၁၀)ပိဿာ‌ကို ကျေးရွာ အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။