သရက်ချောင်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သရက်ချောင်း      ဩဂုတ်       ၂၉

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်  မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ရည်ရွယ်ကာ မြို့အဝင်ဆိုင်းဘုတ်နှင့် လမ်းဘေးဝဲယာအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့  နံနက်(၇)နာရီခွဲအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

 အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့ အုပ်ချုပ်ရေးမှူး  ဦးမိုးထွေးဦး  ဦးဆောင်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ဝင်ဆိုင်းဘုတ်နှင့် လမ်းဘေးဝဲယာ များတွင်ရှိသော အမှိုက်များကောက်ခြင်း၊ မြက်များကိုမြက်ရိတ်စက်ဖြင့် ရိတ်ပေးခြင်း၊ အလှပန်းပင်များကိုက်ညှိပေးခြင်း ၊ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်း အတွင်းရှိ အမှိုက်သရိုက်များကို ဆယ်ယူခြင်းနှင့် ရွှံ့နွံများ တူးဖော်ပေးခြင်း၊ သစ်ကိုင်း သစ်ခက်များနှင့် အမှိုက်များအား အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် သယ်ယူဖယ်ရှားပေးခြင်း တို့အား  ဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိသည်။

ကေခိုင်ဝင်း( သရက်ချောင်း)