ချောင်းဆုံ ဩဂုတ် ၂၉
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုအလိုက်ပြည် သူများအား ကျန်းမာရေးဦးစီးဌာနမှသတ်မှတ်ထား သည့်လမ်းညွှန်ချက်နှင့်အညီ စုရပ်(၅)နေရာတွင် ယနေ့ နံနက် (၉)နာရီက ကိုဗစ်ကာကွယ် ဆေးကို တတိယမြောက်ရက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစု(၅)နေရာဖြစ်သည့် ချောင်းဆုံ(အထက)၊ မုရစ်ကလေး-၁ (မူလွန်)၊ ရွာလွတ်(အထက)၊ ကလွီ (အထက)၊ကညှော်(အထက)ကျောင်းတို့တွင် စေတနာ့ဝန် ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့က ကာကွယ်ဆေး ထိုးနှံမည့်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကူညီစောင့်ရှောက်မှုများပေးခဲ့ကြောင်းနှင့် ယမန်နေ့အထိ ဆေးထိုးပြီးသူပေါင်း(၅၉၂) ဦးအာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။