ကျောက်ဆည် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စေတနာရှင် ပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်လျှက်ရှိရာ ယခုအခါ အောက်ဆီဂျင်စက် ရောက်ရှိလာပြီဖြစ်သောကြောင့် ယနေ့နံနက် (၁၀)နာတွင် စက်များတပ်ဆင် လျှက် ရှိကြောင်း သိရှိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံအား ကြက်မင်းတွန်ရပ်ကွက် ရွှေစေတီဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် တည်ဆောက်ထားပြီး အလျား(၈၀)ပေ၊ အနံ(၂၅)ပေ၊ အမြင့်(၁၃)ပေ ခန့်မှန်ကုန်ကျငွေ ကျပ်သိန်း (၂၀၀၀)ကျပ် ဖြင့် ဆောက်လုပ်ထားကြောင်း သိရှိရသည်။
အောက်ဆီဂျင်စက် တပ်ဆင်လည်ပတ်နိုင်ပါက တစ်နာရီလျှင် (၄၀)လီတာဝင် အောက်ဆီဂျင်အိုး အလုံး (၄၀)အိုးထွက်ရှိမည်ဖြစ်ပြီး စက်ရေရှည် တည်တံ့ကောင်းမွန်ရေးအတွက် တစ်ရက်လျှင်(၁၂)နာရီသာမောင်းနှင်း လည်ပတ်ရန်သက်မှတ်ထားပြီး အောက်ဆီဂျင်လိုအပ်မှသာ နာရီတိုး၍ မောင်းနှင်း လည်ပတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အောက်ဆီဂျင်စက် လည်ပတ်နိုင်ပါက ကျောက်ဆည်မြို့နယ်အတွင်းရှိ အောက်ဆီဂျင် လိုအပ်သော လူနာများအားလုံး ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကာ ပိုလျှံမှုများရှိပါက အခြားမြို့နယ်များသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်