ချောက် ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ချောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၊ ရေနံလုပ်သားများ အပန်းဖြေရိပ်သာ(၂) တို့တွင် ယနေ့နံနက်(၇)နာရီမှ (၉)နာရီခွဲအချိန်ထိ၊ ညနေ(၅)နာရီမှ(၆)နာရီခွဲအချိန်ထိ ဒုတိယအကြိမ် ကာကွယ်ဆေး(Sinopharm)ကို စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ ကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) ဆေးအမျိုးအစားဖြစ်ပြီး ဆေးတစ်လုံး လျှင် လူတစ်ဦးနှုန်းဖြင့် ထိုးနှံနိုင်ပြီး (၂၈)ရက်ပြည့်ပြီ ဖြစ်သည့်အတွက် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အသက်(၆၅)နှစ်ထက် ဘိုးဘွားများ (၂၂၂)ဦးတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိပြီး ညနေပိုင်းတွင်လည်း ကာကွယ်ဆေး ထိုးပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကျော်မိုး