နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် ကျေးရွာများအရောက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

နတ်မောက်  သြဂုတ်လ     ၂၉

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျေးရွာများအရောက် Mask  Campaign   ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ်  နှာခေါင်းစည်း (Mask) အခုရေ (၂၄၂၀၀၀) ခုကို ယမန်နေ့က ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများလက်ဝယ် အရောက် အခမဲ့ဖြန့်ဝေပေးကြောင်း  သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင်  နတ်မောက်မြို့နယ်   ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး  ကော်မတီအဖွဲ့ဝင်တို့က ကျေးရွာအုပ်စု(၁၀)အုပ်စုဖြစ်သည့် လျှော်ချောင်းကြီး ကျေးရွာအုပ်စု၊ န/ဘူးကွဲ  ကျေးရွာအုပ်စု၊ သစ်လှကျင်းကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာအုပ်စု၊ ဆည်လည်ကျေးရွာအုပ်စု၊ ပန်းညိုကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာအုပ်စုနှင့် မြင်းတဲကြီးကျေးရွာအုပ်စုတို့အား  နှာခေါင်းစည်း (Mask) ဖြန့်ဝေမှု အရေအတွက် (၃၈၇၃၀)ခုကို ကျေးရွာအုပ်စုများရှိ  အိမ်ထောင်စု(၇၇၄၆)၊ အိမ်ခြေ(၇၅၁၂)အိမ် များသို့  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း  သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် နတ်မောက်မြို့ပေါ်တွင် ပိုးတွေ့လူနာများ လျော့နည်းလာပြီဖြစ်သော်လည်း ကျေးရွာများတွင်    နှာခေါင်းစည်း (Mask)တပ်ဆင်မှု အားနည်းခြင်းကြောင့် ပိုးတွေ့မှုများ ရှိနေသဖြင့် ပိုးတွေ့မှုနှုန်းလျော့ချကာကွယ်နိုင်ရန် နတ်မောက်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက သြဂုတ် ၂၅ ရက်မှ ၃၁ ရက်နေ့အထိ  နှာခေါင်းစည်း(Mask)များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း  သိရသည်။                                                              

လှဝင်း( နတ်မောက်)