တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာများသို့ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိကွင်း ဆင်းစစ်ဆေး

 

တောင်တွင်းကြီး ဩဂုတ်    ၂၉

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်း ချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များ နှင့်ပူးပေါင်းကာ တရုတ်ကောအုပ်စု၊ သဖန်းကုန်းကျေးရွာသို့သွားရောက်ပြီး ဒေသခံကျေးလက်နေ ပြည်သူများကို အခမဲ့ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ကျန်းမာ ရေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သဖန်းကုန်းကျေးရွာသို့ သွားရောက်၍ ကိုဗစ်- ၁၉‌ ရောဂါပိုးစစ်ဆေးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူများနှင့် ကျေးရွာနေပြည်သူများကို ရောဂါပိုးရှိ / မရှိ RDT( Test Kits ) ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကျေးလက်နေပြည်သူများကို ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေးအတွက် နယ်လှည့်ကွင်းဆင်းစစ်ဆေးပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

နိုင်ဝင်း