သတင်းများ

မြောက်ဦးမြို့နယ်၌  ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ်စုရပ်နေရာ (၃)နေရာ၌ ဆက်လက်ထိုးနှံ
Sep 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော  မိဘပြည်သူများအား ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဟောင်းအစည်းအဝေးခန်းမ၊ မြောင်းဘွေတိုက်နယ် ဆေးရုံနှင့် တိန်ညိုတိုက်နယ်ဆေးရုံစသော စုရပ်နေရာ(၃) နေရာ၌ စုရပ်နေရာများသတ်မှတ်၍  မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ တပ်မတော်ဆေး ကုသ ရေးအဖွဲ့မှ ဆရာဝန်များနှင့်သူနာပြုဆရာ/ဆရာမများပူးပေါင်းကာ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းရှိဦးတည်အုပ်စု(၁၂)ခုမှ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများအား ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကျိန္တလီမြို့၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယနေ့ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ ၌ အသက်(၅၅)နှစ်အထက်ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယနေ့နံနက် ၉ နာရီအချိန်က  အမှတ်(၂)ရပ်ကွက်မှပြည်သူများအား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနေ ကျောင်းသားများအတွက် တောင်ကိုးရီးယားနိုင်ငံ၊ မစ္စတာ ဝိုင်ဘီချိုနှင့် ပညာသင်ထောက်ပံ့ရေးအုပ်စုတို့မှ တစ်နှစ်စာပညာသင်စရိတ်နှင့် ဆန်အိတ်များ ထောက်ပံ့
Sep 21,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနေ ကျောင်းသားများအား စား သောက်ရေးအဆင်ပြေစေရန်နှင့် ပညာသင်ယူရာတွင် တစ်ဘက်တစ်လမ်းမှ အထောက်အပံ့များရရှိစေ ရန်ရည်ရွယ်၍ တောင်ကိုးရီးယားနိုင်ငံ၊ မစ္စတာ ဝိုင်ဘီချိုနှင့် ပညာသင်ထောက်ပံ့ရေးအုပ်စုတို့မှ တစ်နှစ် စာပညာသင်စရိတ်နှင့် ဆန်အိတ်များကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပရဟိတကျောင်း( လူငယ်ဖွံ့ဖြိုး ရေးဂေဟာ) တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင်  ဆောက်လုပ်လျက်ရှိသော ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦ ဆောက်လုပ်မှုကြည့်ရှုစစ်ဆေး
Sep 21,2021
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊  ကွန်းရွာကျေးရွာတွင်   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက ဆောက်လုပ်လျက်ရှိသော ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းကို  ယနေ့နံနက် ၁၁ နာရီက မြို့နယ် လုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကိုဗစ်ဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 21,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ လတ်တလောအသက် ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်ပပျောက်စေရေး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်မှစီမံကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဋ္ဌာနမှ ကျန်းမာရေးဦးစီးဋ္ဌာနမှူးနှင့် ကျန်းမာရေးသူနာပြု ဆရာ/‌ ဆရာမများ ကျန်းမာရေး ဝန်ထမ်းများ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်/ ကျေးရွာအုပ်စု ကျေးရွာများမှ ရဟန်းသံဃာတော်များ သီလ ရှင်များအသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ နိုင်ငံ့ ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုရေး အသင်းအဖွဲ့များမှစေတနာ့ဝန်ထမ်းများ ဈေးသူဈေးသားများနှင့် ကာကွယ်ဆေး ထိုးနှံခွင့်ရှိသူများအား ပထမဦးစားပေးအလိုက် ကာကွယ်ဆေးများရရှိလာမှုအ‌ပေါ်မူတည်၍ လစဉ်ထိုးနှံဆောင်ရွက်ပေး နိုင်ခဲ့ပြီးဖြစ်သည်။
ရွှေသောင်ယံမြို့ Quarantine Center မှလူနာ(၇)ဦး ပြန်လည်ကျန်းမာလာ၍ အိမ်ပြန်ခွင့်ပြု
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Quarantine Center မှ အမျိုးသား(၇)ဦးသည် Center တွင် သတ်မှတ်နေထိုင်သည့်ရက် (၁၀)ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက်(၁၀)နာရီက မိမိတို့နေအိမ်များသို့ အသီးသီး ပြန်ခွင့်ရပြီ ဖြစ်ကြောင်းသိရသည်။
ကျုံပျော်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်းပေါင်း( ၄၅၀၀၀) ကျော်ထုတ်ချေးပြီးဖြစ်
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စပါးစိုက်တောင်သူများ အဆင်ပြေစေရန်အတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေး‌ငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ချေးငွေကျပ်သိန်းပေါင်း (၄၅၀၀၀) ကျော် ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။