ကျုံပျော်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်းပေါင်း( ၄၅၀၀၀) ကျော်ထုတ်ချေးပြီးဖြစ်

ကျုံပျော်   စက်တင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စပါးစိုက်တောင်သူများ အဆင်ပြေစေရန်အတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ချေးငွေကျပ်သိန်းပေါင်း (၄၅၀၀၀) ကျော် ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးရာတွင် ဧကကို ကျပ် (၁၅၀၀၀၀)နှုန်း ထုတ်ချေးပေးခဲ့ပြီး၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် % ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် ငွေထုတ်တောင်သူများ ရောဂါကူးစက်မှု မရှိစေရန် ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ နေထိုင်ရေး၊ Mask များ စနစ်တကျတပ်ဆင်ရေး အသိပညာပေးဆောင်ရွက်ပြီး၊ အလှည့်ကျ စနစ်ဖြင့် စနစ်တကျ စီစဉ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ချေးငွေများကို ဇွန် ရက်မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ တောင်သူပေါင်း (၄၃၃၀)ဦး လာရောက်ထုတ် ချေးခဲ့ပြီး၊ စိုက်ဧက (၃၀၂၆၈) ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း (၄၅၄၀၂)သိန်းအား ထုတ်ချေးပေး နိုင်ခဲ့ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်သီတာသွင်ထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်