ရွှေသောင်ယံ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Quarantine Center မှ အမျိုးသား(၇)ဦးသည် Center တွင် သတ်မှတ်နေထိုင်သည့်ရက် (၁၀)ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက်(၁၀)နာရီက မိမိတို့နေအိမ်များသို့ အသီးသီး ပြန်ခွင့်ရပြီ ဖြစ်ကြောင်းသိရသည်။
၎င်းတို့ကို ကျန်းမာရေးဆရာမမှ အိမ်တွင်(၇)ရက် ဆက်လက်နေထိုင်ကြရန် မှာကြားပြီး ရပ်ကွက်အတွင်း၌လည်း ကျန်းမာရေးနှင့်အညီ နေထိုင်သွားလာရန် မှာကြားခဲ့သည်။ အဆိုပါ Quarantine Center မှ ပြန်လည်ဆင်းသူများကို သပေါ့ကန်ကျေးရွာ သုခမေတ္တာလူမှု ကူညီရေး အသင်းကားဖြင့် နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ကိုကိုမောင်