ဘားအံခရိုင်အတွင်းရှိကျေးရွာနေပြည်သူများအား ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးသွားရောက်ထိုးနှံပေး
Sep 22,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နှင့်နီးစပ်လျက်ရှိသည့် ဘားအံခရိုင် အတွင်းရှိ မီးဇိုင်းကျေးရွာအုပ်စု၊ဝဲပျံကျေးရွာအုပ်စု၊တကောင်ဘိုးကျေးရွာအုပ်စုတို့ရှိ ကျေးလက်နေပြည်သူများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ဆန္ဒရှိကြ သဖြင့် ကမမောင်းမြို့ အုပ်ချုပ်ရေးမှူးဦးသန်းကျော်သူ ဦးဆောင်၍ ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊မြို့ကြက်ခြေနီအဖွဲ့ခွဲငယ်မှ ကြက်ခြေနီသူနာပြုအဖွဲ့များက ဘားအံမြို့နယ်ရှိ မီးဇိုင်းကျေးရွာ၊ကျေးလက်ကျန်းမာ ရေးဌာန(ခွဲ)သို့ ယမန်နေ့နံနက်ပိုင်းကအသက်(၁၈)နှစ်အထက် ရွာသူ၊ရွာသားများ အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ်အဖြင့် သွား ရောက် ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။