သတင်းများ

မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအားအခြေခံ စားသောက်ကုန်များထောက်ပံ့ပေး
Sep 21,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အခြေခံစားသောက် ကုန်များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီကမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့တွင် အသက်(၅၅) နှစ်နှင့်အထက် ဘိုးဘွားများနှင့်ဆေးထိုးအုပ်စု (၁၆)အုပ်စု တွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအုပ်စု ပထမအကြိမ်ထိုးနှံပေး လျက်ရှိ
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ၊ အမှတ်(၃)ရပ်ကွက် ၊ အ.ထ.က အဏ္ဏဝါ အခြေခံပညာအထက် တန်းကျောင်း တွင် အသက်( ၅၅ ) နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဆေးထိုးအုပ်စု (၁၆)အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအုပ်စု (ပထမအကြိမ်) ထိုးနှံခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီမှစ၍ ထိုးနှံပေးလျက် ရှိသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများဆက်လက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ၊ ရပ်ကွက်များအလိုက် ထိုးနှံရမည့်သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်၏ စုပေါင်းရုံးနှင့် မြို့တော်ခန်းမတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့၌အသက်(၅၅)နှစ်အထက်ပြည်သူများအားပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မင်းပြားမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ဆက် လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ကစတင်ပြီး မင်းပြားမြို့နယ်၊ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်များ၌ပထမအကြိမ် ကာကွယ် ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိ ရသည်။
ညောင်ဦးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင် စင်ထောက် ပံ့ပေးအပ်
Sep 21,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ အား နိုင်ငံတော်မှလူမှုရေးပင်စင် အဘိုး အဘွားတစ်ဦးလျှင် ကျပ်သုံး သောင်းထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ရက်၊ ယနေ့နံနက် ၁၀နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော် ရထာခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ထပ်ဆင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး
Sep 21,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၊ အမှတ်(၂) ရပ်ကွက် အလက( အုန်းတော)၊အမှတ်(၃)ရပ်ကွက်ရှိ အ.မ.က(၁)မူ/လွန်ကျောင်းတို့၌ ဆေးထိုးရမည့် အုပ်စု နေရာများခွဲ၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပြီးသူ ၇၈၁၀ ဦးရှိပြီဖြစ်
Sep 21,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်၊ ပထမအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့အထိ ၇၈၁၀ ဦးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် အသက်၆၀နှစ်မှ ၆၄နှစ်အထိပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၆၀နှစ်မှ ၆၄နှစ်အထိရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နေ့ နံနက် ၉ နာရီအချိန်မှ စ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ် (၆)ခုတွင် ထိုးနှံပေးလျက်ရှိသည်။