အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ၂၆၄၅ ဦးအား ထိုးနှံပြီးစီး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူ (၂၆၄၅)ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို (၁၈-၉-၂၀၂၁)ရက်နေ့မှ စတင်ပြီး ယနေ့ နံနက်(၈)နာရီအချိန်ထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမ၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ် ၂ ရပ်ကွက်(အခြေခံပညာ မူလတန်းလွန်ကျောင်း)၊ အမှတ် ၃ ရပ်ကွက်(အခြေခံပညာအလယ်တန်းကျောင်း-ခွဲ)တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အဖွဲ့လေးဖွဲ့ခွဲကာ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။