ပခုက္ကူ စက်တင်ဘာ ၂၁
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက ဆောက်လုပ်လျက်ရှိသော ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် လုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦသည် အလျား၇၀ ပေ၊ အနံ ၆၀ပေ၊ RCC တစ်ထပ် ဖြစ်ပြီး တည်ဆောက်မှုလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်သည်။ ဆောက်လုပ် ပြီးစီးပါက ကွန်းရွာအုပ်စုအတွင်းရှိ ခြောက်ဦးသား၊ ကျွန်းပုလု၊ မြင်းကျွန်း၊ လက်ပံကျွန်း၊ လေးလံ
ကျွန်းကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်၍ ရွှေ့ပြောင်းနေထိုင်ရပါက အသုံးပြုနိုင်မည် ဖြစ်ပြီး မြို့နယ်အတွင်းအခြား သဘာဝဘေး အန္တာရယ် ကြုံတွေ့လာပါကဒေသခံ ပြည်သူများ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန်အတွက် နေရာတစ်ခု အဖြစ် အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူနှင့်ကော်မတီဝင် များသည် ဆောက်လုပ် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များနှင့် အချိန်မီ ပြီးစီးရေး အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟိန်းသူ(ပြန်/ဆက်)