တန့်ဆည် စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းရှိဦးတည်အုပ်စု(၁၂)ခုမှ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများအား ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ(၃၀၀၀) ဦးရှိကြောင်း ယခုအခါ ဒုတိယအကြိမ် ပထမအသုတ်ထိုနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးစနစ်တကျ ထိုးနှံပေးနိုင်ရေး မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြပြီး သတ်မှတ်ရက် အတိုင်း ကာကွယ်ဆေးများ ဆက်လက်ထိုနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)