ကျောက်ဖြူမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနေ ကျောင်းသားများအတွက် တောင်ကိုးရီးယားနိုင်ငံ၊ မစ္စတာ ဝိုင်ဘီချိုနှင့် ပညာသင်ထောက်ပံ့ရေးအုပ်စုတို့မှ တစ်နှစ်စာပညာသင်စရိတ်နှင့် ဆန်အိတ်များ ထောက်ပံ့

ကျောက်ဖြူ စက်တင်ဘာ ၂၁

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနေ ကျောင်းသားများအား စား သောက်ရေးအဆင်ပြေစေရန်နှင့် ပညာသင်ယူရာတွင် တစ်ဘက်တစ်လမ်းမှ အထောက်အပံ့များရရှိစေ ရန်ရည်ရွယ်၍ တောင်ကိုးရီးယားနိုင်ငံ၊ မစ္စတာ ဝိုင်ဘီချိုနှင့် ပညာသင်ထောက်ပံ့ရေးအုပ်စုတို့မှ တစ်နှစ် စာပညာသင်စရိတ်နှင့် ဆန်အိတ်များကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပရဟိတကျောင်း( လူငယ်ဖွံ့ဖြိုး ရေးဂေဟာ) တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ပရဟိတကျောင်းဆရာတော် ဦးစန္ဒာသီရိထံမှ ငါးပါးသီလခံယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် အလှူရှင်များကိုယ်စား ကိုခင်သန်းမှ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက် မြို့နယ်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာနေ ကျောင်းသား(၁၀) ဦးအတွက် တစ်နှစ်စာပညာသင်စရိတ် ငွေကျပ် ၁၂ သိန်းနှင့် ဆန်အိတ် ၁၇ အိတ်တို့ကို ထောက်ပံ့ပေး အပ်ရာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဥက္ကဋ္ဌ မှ လက်ခံရယူပြီး ကျောင်းသားများကိုယ်စား ကျေးဇူး တင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါ ပရဟိတကျောင်းတွင် ကျောင်းသား ၄၇ ဦးရှိကြောင်း၊ ကိုဗစ်ဖြစ်ပွားနေသည့်အချိန်တွင် ကျောင်းများပိတ်ထားသဖြင့် မိမိဒေသသို့ ပြန်သွားသူများရှိနေကြောင်း၊ ကလေးများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအပြင် ဘွဲ့ရ၊ ပညာတတ်၊ အလုပ်အကိုင်ရရှိသည်အထိ တာဝန်ယူဆောင်ရွက် ပေးနေကြောင်း၊  မိဘမဲ့နေသူများ၊ ငွေကြေးကြပ်တည်းပြီး ပညာသင်ယူရန်အတွက်အခက်အခဲရှိနေသူ များကို အချိန်မရွေးလက်ခံပေးကြောင်း ၎င်းပရဟိတကျောင်းမှ ဂေဟာမှူး ဦးစံရွှေထံမှ သိရှိရသည်။       

         

သတင်း- တင်ထွန်းဦး

ဓါတ်ပုံ- ဖြိုးဝေလင်း (ပြန်/ဆက်)