မြောက်ဦး စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော မိဘပြည်သူများအား ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဟောင်းအစည်းအဝေးခန်းမ၊ မြောင်းဘွေတိုက်နယ် ဆေးရုံနှင့် တိန်ညိုတိုက်နယ်ဆေးရုံစသော စုရပ်နေရာ(၃) နေရာ၌ စုရပ်နေရာများသတ်မှတ်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ တပ်မတော်ဆေး ကုသ ရေးအဖွဲ့မှ ဆရာဝန်များနှင့်သူနာပြုဆရာ/ဆရာမများပူးပေါင်းကာ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိမ်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် (Sinopharm) ကိုဗစ်-၁၉ ကာ ကွယ်ဆေးမထိုးဘဲကျန်ရှိနေသေးသော မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အသက်(၁၈)နှစ်မှ(၆၅)နှစ်အထက်ပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးလာ ရောက်ထိုးနှံကြသူများအား ကာကွယ်ဆေး မထိုးနှံမီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက် မှုများဖြစ်သော ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်းလိုအပ်သော အောက်ဆီဂျင်ပမာဏ ပြည့်ဝမှုရှိ/မရှိ တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဇီးချိုရောဂါရှိ/မရှိတိုင်းတာပေးခြင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါ ရှိ/မရှိစစ်ဆေးပေးခြင်းများနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ (Sinopharm) ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးနှံပေးလျှက်ရှိပြီး ကာကွယ် ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနား ယူစေခြင်းများအား ပုံမှန်အနေအထား ရောက်ရှိမှသာ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေးထိုးနှံပြီးသူများ မိနစ်(၃၀)ခန့်အနားယူစောင့်ကြည့် ခြင်းများဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပြည်သူစုစုပေါင်း (၁၅၀)ဦးအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)